Flash drive (သို့) usb drive ဖွင့်တဲ့အခါအများဆုံးတွေ့ရတဲ့ပြဿ နာကတော့ အထဲမှာ files ရှိတာသိတယ် ဒါပေမယ့် ရှာလို့မတွေ့ဘူးဖြစ်နေတယ်။
ဒီလိုဖြစ်တာဟာ virus hidden file လို့ပဲခေါ်ရမှာပေါ့နော် :)ဒီပြဿ နာ ကိုဖြေရှင်းဖို့အတွက် ကတော့ အရင်ဆုံး window + r နှိပ်ပြီးတော့ run ကိုခေါ်လိုက်ပါ။
box တစ်ခုကျလာရင် cmd လို့ရိုက်ထည့်ပြီး enter ခေါက် cmd box ကိုခေါ်လိုက်ပါ။
ဒီမှာတစ်ခုသတိထားရမှာက ကိုယ့်ရဲ့ flash drive ကဘယ်နေရာလဲဆိုတာမှတ်ထား ဖို့ပါပဲ။
ဥပမာ။ ။ကိုယ့်ရဲ့ flash drive က Removable Disk(:J) ဆိုပါစို့
ကျလာတဲ့ cmd box မှာ J: လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။j:\>ဆိုတာတက်လာလိမ့်မယ်။ဒါဆိုရင် dir /ah လေးရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။သူ့ဟာသူအလုပ် လုပ်သွားပါမယ်။
j:\> လို့တက်လာရင် attrib -s -h -r /s /d ကို ပေးထားတဲ့အတိုင်းရိုက်ထည့်ပေးလိုက်ပါ။enter ခေါက်ပါ။
ဒါဆို အခုဏက ပျောက်နေတဲ့ foder & files တွေကိုပြန်တွေ့ရမှာပါ။
ဒီမှာတစ်ခုပြောချင်တာက ပုံမှာပေးထားတဲ့ ဥပမာက f: ဖြစ်နေပြီးတော့ ရေးတဲ့နေရာမှာသုံးထားတဲ့ ဥပမာ ကတော့ j: ဖြစ်ပါတရ် ☺
♪♪♪♪♪အားလုံး အဆင်ပြေကြပါစေ♪♪♪♪♪
No comments:
Post a Comment